သက်သက်(နည်းပညာ)ဆိုဒ်သို့လာရောက်လည်ပတ်ကြသောသူငယ်ချင်းမိတ်ဆွေအပေါင်း ချမ်းသာကိုစိတ်မြဲကြပါစေ ကျွန်တော်ကဆရာကြီးတော့မဟုတ်ပါဘူးခင်ဗျ ကျွန်တော်စုဆောင်းထားတဲ့အထဲမှာမိတ်ဆွေတို့နှင့်အကြိုက်ချင်းတူချင်တူနိုင်ပါတယ်ခင်ဗျ ဆရာများထံမှကူးယူစုဆောင်းခြင်းဖြစ်ပါတယ်ခင်ဗျ

Thursday, May 7, 2015

Windows 8 မှာ Turning On BitLocker လေးနဲ့ USB Stick တွေကို ဆော့ဝဲမသုံးဘဲ Password နဲ့  ပိတ်ကြရအောင်

1. Windows 8 Pro ရဲ့  explorer ကို ဖွင့်ပြီး removable drive ပေါ်မှာ right click
နှိပ်ပြီး Turn on Bitlocker ကိုနှိပ်ပါ။


2. Wizard ပေါ်လာရင် “Use a password to unlock the drive” check box မှာ
အမှန်ခြစ်ပေးပြီး password တွေ သတ်မှတ်ပေးပါ။

3. နောက်အဆင့်မှာ တော့ password ကို microsoft account မှာ သိမ်းဖို့  ဒါမှမ
ဟုတ် ဖိုင်အနေနဲ့ သင့် စက်မှာသိမ်းဖို့  ဒါမှမဟုတ် ပရင့်ထုတ်ပြီးသိမ်းဖို့ ရွေးချယ်ပေးပါ။

4. နောက်အဆင့်မှာ သင့် drive က မသုံး ရသေးတဲ့ ဒေတာတွေ မရှိသေးတဲ့ drive
ဆိုရင် “Encrypt used disk space only “ ကိုရွေးပေးပါ။ဒါမှမဟုတ် အသုံးပြုပြီး
သားဒေတာတွေ ရှိနေတဲ့ drive ဆိုရင်တော့ “Encrypt entire drive “ ကိုရွေးပေးပါ။

5. ပြီးရင်တော့ Start encrypting ကိုနှိပ်ပေးပါ။

6. ဒါဆိုရင် သင့် USB Drive ကို encrypt စလုပ်ပါပြီ။သိမ်းထားတဲ့ ဒေတာ အနည်း
အများပေါ်မူတည်ပြီး အချိန် ကြာမြင့်မှာပါ။

7. Encrypting ပြီးရင်တော့ သင့် USB Drive ကို သော့ခလောက် ပုံလေးနဲ့ တွေ့ ရ
မှာပါ။

8. ဒါဆို ရင် သင့် USB Drive ကို တစ်ခြားတစ်ယောက်အသုံးပြုရင် password
တောင်းနေမှာဖြစ်တဲ့အတွက် လုံခြုံစိတ်ချသွားပါပြီ။
လေးစားစွာဖြင့်
NayLinHtet(IT-Guide)
  Download Here

www.winhlaing.org 
ဝင်းလှိုင်(နည်းပညာ)

No comments:

Post a Comment