သက်သက်(နည်းပညာ)ဆိုဒ်သို့လာရောက်လည်ပတ်ကြသောသူငယ်ချင်းမိတ်ဆွေအပေါင်း ချမ်းသာကိုစိတ်မြဲကြပါစေ ကျွန်တော်ကဆရာကြီးတော့မဟုတ်ပါဘူးခင်ဗျ ကျွန်တော်စုဆောင်းထားတဲ့အထဲမှာမိတ်ဆွေတို့နှင့်အကြိုက်ချင်းတူချင်တူနိုင်ပါတယ်ခင်ဗျ ဆရာများထံမှကူးယူစုဆောင်းခြင်းဖြစ်ပါတယ်ခင်ဗျ

Thursday, May 7, 2015

♪ Facebook မှ Search History များကို ဖျက်နည်း ♫

1
Facebook က သင်ရှာဖွေထားတဲ့ Search History အားလုံးကို သိမ်းဆည်းပေးထားပါတယ်။ အဲဒီအတွက် အရင်က ရှာဖွေထားတဲ့ ပို့စ်တစ်ခုကို နောက်ပိုင်းမှာ ပြန်လည် ဖတ်ရှုချင်ရင် အဆင်ပြေစေပါတယ်။ Facebook အတွက်လည်း သင်ရှာဖွေထားတဲ့ ဒေတာတွေကို ကြော်ညာရှင်များထံ ရောင်းချပြီး ၀င်ငွေ ရရှိစေပါတယ်။ Facebook မှာ သင်ရှာဖွေထားသမျှကို Only Me အနေနဲ့ သိမ်းပေးထားတဲ့အတွက် အခြားလူများက မြင်တွေ့နိုင်ခြင်း မရှိပါဘူး။ ဒါပေမယ့် သင့်အကောင့်ကို အခြား သူငယ်ချင်း၊ မိသားစုဝင်တွေက ၀င်ကြည့်တတ်ရင် သင့်ရဲ့ ရှာဖွေမှုများကို မြင်တွေ့နိုင်ပါတယ်။ အဲဒီအတွက် Search History ထဲမှာ အခြားသူများ မမြင်စေချင်တာ ဒါမှမဟုတ် Search History တစ်ခုလုံးကို ဖျက်ပစ်သင့်ပါတယ်။


ဒီလိုလုပ်ဖို့ Facebook Home Page ရဲ့ ညာဘက်ထိပ်ရှိ Drop-Down Arrow ကို နှိပ်ပါ။ “ Activity Log” ကို နှိပ်ပါ။
1
ဘယ်ဘက်ခြမ်းမှ More ခလုတ်ကို နှိပ်ပါ။
2
Search ကို နှိပ်ပါ။
3
ရှာဖွေမှုများကို နေ့စွဲများနဲ့ ခွဲခြားပြသပေးထားပါတယ်။ ရှာဖွေမှုတစ်ခုကို ဖျက်ဖို့အတွက် Block Icon ကို တစ်ချက်နှိပ်ပြီး Delete ကို နှိပ်ပါ။
4
Confirmation Box ကျလာရင် Remove Search ခလုတ်ကို နှိပ်ပါ။
5
သင့်ရဲ့ မိုဘိုင်းဖုန်း ၊ ကွန်ပြူတာကို သင့်ရဲ့ သူငယ်ချင်းများက မကြာခဏ အသုံးပြုလေ့ရှိကြမှာပါ။ အဲဒီအတွက် သင့်ရဲ့ Search History များကို အခြားသူများ မသိစေချင်ရင်တော့ အထက်ပါနည်းလမ်းကို အသုံးပြုပြီး ဖျက်နိုင်ပါတယ်။

Myanmar Digital Life Journal


No comments:

Post a Comment