သက်သက်(နည်းပညာ)ဆိုဒ်သို့လာရောက်လည်ပတ်ကြသောသူငယ်ချင်းမိတ်ဆွေအပေါင်း ချမ်းသာကိုစိတ်မြဲကြပါစေ ကျွန်တော်ကဆရာကြီးတော့မဟုတ်ပါဘူးခင်ဗျ ကျွန်တော်စုဆောင်းထားတဲ့အထဲမှာမိတ်ဆွေတို့နှင့်အကြိုက်ချင်းတူချင်တူနိုင်ပါတယ်ခင်ဗျ ဆရာများထံမှကူးယူစုဆောင်းခြင်းဖြစ်ပါတယ်ခင်ဗျ

Friday, April 10, 2015

Zawgyi&Unicode Fontchanger Apk

ဇော်ဂျီကောယူနီဖောင့်နဲ့ကော ကီးဘုတ်ကိုထည့်သွင်းအသုံး ပြုနိုင် မယ့်- Zawgyi & Unicode Fontchanger Apk Zawgyi & Unicode Fontchanger Apk  မင်္ဂလာပါ ကျနော့်ဆီမှာ အများဆုံးတောင်းဆိုထားကြတဲ့ Zawgyi & Unicode Font Apk လေးပါ ကျနော်ကိုယ်တိုင်း ရေးဆွဲထားလည်းမဟုတ်သလို ပိုစ့်ကိုလည်း 
ပထမဆုံး တင်ပေးသူမဟုတ်ရပါခင်ဗျား... အစ်ကိုဝင်းလှိုင်ရဲ့ နည်းပညာ
ဆိုက်မှာ တွေ့လာလို့ အားလုံးအတွက် အဆင်ပြေသွားအောင် ကျနော် ယူလာရခြင်းဖြစ်ပါတယ်။ ကျနော်ဒီပိုစ့်လေးကို တင်ပေးနေချင်ခဲ့တာ ကြာပါပြီ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မတင်ပေးအားတာပါ၊ အထူးသဖြင့် နည်းပညာ ညီအကိုများ တင်ပေးထားကြတာကို တွေ့နေရတော့ အားလုံးသိလောက်ပြီ ရကြလောက်ပြီလို့ ထင်နေတာကြောင့်လည်း မတင်ပေးဖြစ်တာပါ။ ကဲဗျာ ဒီ Apk လေးကို အထူးအလိုရှိနေတဲ့ ဘော်ဒါတွေ ကျနော့်ဆီမှာ တကူးတကလာတောင်းဆိုထားကြတဲ့ FB မှ ချစ်ပရိတ်သတ်ကြီးနဲ့ ညီအကိုများအတွက် ကျနော် တစ်ဆင့် ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာ... ပြီးတော့ ဒီ Apk လေးကို မူရင်းတင်ပေးထားသူ ကျနော်တို့ရဲ့ နည်းပညာ ညီအကို ဖြစ်တဲ့ဝင်းလှိုင်ရဲ့ဒီဆော့ဝဲလေးနဲ့ ပတ်သက်လို့ မိတ်ဆက်ထားတာလေးကို အသေအချာဖတ်ကြည့်ပြီး အောက်ကလင့်များမှာ အဆင်ပြေသလို ဒေါင်းယူအသုံးပြု နိုင်ကြပါပြီ။  အခုခေတ်က Unicode ကိုတွင်ကျယ်အောင်လုပ်နေကြတယ်ဆိုတော့  Unicode ကိုဖုန်းထဲမှာအသုံးပြုချင်သူ များအတွက်  Zawgyi & Unicode Fontchanger Apk လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။  Zawgyi ရော Unicode ပါနှစ်မျိုးလုံး မိမိကြိုက်တဲ့ Font ကို  Change ပေးမှာဖြစ်ပါတယ်ဗျာ။  မြန်မာ ဖောင့် changer ပါ smart/zawgyi one နဲ့ padauk/mm3 ကို  version အလိုက် ထည့်ထားပါတယ်။   Zawgyi ကိုပဲအသုံးပြုချင် သူများအတွက်လည်း Zawgyi One နှင့်  Smart Zawgyi ဆိုပြီးရွေးချယ်နိုင်သလို Zawgyi အတွက်  Frozen Keyboard ကိုပါတစ်ခါထဲ Install လုပ်ပေးသွားမှာဖြစ်ပါတယ်ဗျာ။  Unicode အသုံးပြုချင်တယ်ဆိုရင်လည်း Myanmar3 နှင့် Padauk  ဆိုပြီးရွေးချယ်နိုင်သလို Burma Uni Keyboard ကိုပါတစ်ခါထဲ  Install လုပ်ပေး သွားမှာဖြစ်ပါတယ်ဗျာ။  ကဲဗျာဘယ်လောက်တောင်အဆင်ပြေလိုက်လည်းဗျာ။  Android OS 1.5 မှ 2.3 အထိ ၊   Android OS 4.0 မှ 4.2 အထိ နှင့် Android OS 4.3 နှင့်အထက်  ဆိုပြီး Android OS Version အလိုက်ရွေးချယ်  Install လုပ်ပေးရမှာဖြစ်ပါတယ်ဗျာ။

www.winhlaing.org 
ဝင်းလှိုင်(နည်းပညာ)

No comments:

Post a Comment