သက်သက်(နည်းပညာ)ဆိုဒ်သို့လာရောက်လည်ပတ်ကြသောသူငယ်ချင်းမိတ်ဆွေအပေါင်း ချမ်းသာကိုစိတ်မြဲကြပါစေ ကျွန်တော်ကဆရာကြီးတော့မဟုတ်ပါဘူးခင်ဗျ ကျွန်တော်စုဆောင်းထားတဲ့အထဲမှာမိတ်ဆွေတို့နှင့်အကြိုက်ချင်းတူချင်တူနိုင်ပါတယ်ခင်ဗျ ဆရာများထံမှကူးယူစုဆောင်းခြင်းဖြစ်ပါတယ်ခင်ဗျ

Thursday, April 9, 2015

Video Live Wallpaper များကို Android Device များတွင် ပြုလုပ်ဖန်တီးခြင်း

Android OS သုံးစွဲသူများအနေနှင့် တစ်ခါတစ်ရံမှာ မိမိဖုန်း ရဲ့ Home Screen မှာ Wallpaper တွေကို ပြောင်းလဲ အသုံးပြုကျမှာဖြစ်ပါတယ်။ ပုံမှန် အသုံးပြုနေကြ Wallpaper တွေအစား မိမိ နှစ်သက်တဲ့ Video File တွေကို အပိုင်းလေးများ ဖြတ်ပြီး Live Wallpaper ပြုလုပ်ချင်သူတွေအတွက် အလွယ်တကူနဲ့ ပြုလုပ်နိုင်မယ့် နည်းလမ်းကိုဖော်ပြပေးပါမယ်။
ဒီလိုပြုလုပ်ဖို့အတွက် ပထမဆုံး Video Live Wallpaper Pro Free  ဆိုတဲ့ App ကို အရင်ဆုံး Download ပြုလုပ်လိုက်ပါ။ ဒီမှာဒေါင်းယူပါ 
 Play Store မှာ Video Live Wallpaper ကို Download ပြုလုပ် လိုက် ပါ။ Download ပြုလုပ်ပြီးပြီဆိုရင် Live Wallpaper ကို အသုံးပြုဖို့အတွက် Settings စာမျက်နှာကိုတွေ့ရမှာ အဆိုပါ စာမျက်နှာမှာ Live Wallpaper အတွက် Settings တွေကို ချိန်ညှိနိုင်မှာဖြစ်ပါတယ်။

Video Live Wallpaper Pro Free ရဲ့ Settings ကို ရောက်ပြီဆိုရင် Gallery ထဲမှာ ရှိတဲ့ Movie ဖိုင်တွေကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Default အနေနဲ့ ရွေးချယ်ပေးထားတာကတော့ Recent ဆိုတဲ့ နေရာကို ရွေးချယ်ပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် Google Drive နဲ့ လည်း ချိတ်ဆက်ပြီး Google Drive ပေါ်က Video တွေကို Download ပြုလုပ်ပြီး အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။
နောက်တစ်ဆင့်ကတော့ Video ဖိုင်ကိုရွေးချယ်ပြီး Set Live Wallpaper ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုရွေးချယ်ပေးလိုက်တာနဲ့ Preview အနေနဲ့ဖော်ပြပေးမှာဖြစ်ပါတယ်။ Edit Button ကို နှိပ်ရင် ယခင် Settings နေရာကို ပြန်ရောက်သွားမှာဖြစ်ပြီး Apply ကို နှိပ်လိုက်တာနဲ့ ကိုယ်ရွေးချယ်ထားတဲ့ Video File ကို Live Wallpaper အနေနဲ့ စတင် အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
(နည်းပညာနှင့် မိုဘိုင်း APP များကိုတင်ဆက်ပေးနေပါသည်)
www.mobiemyanmar.com



www.winhlaing.org 
ဝင်းလှိုင်(နည်းပညာ)

No comments:

Post a Comment