သက်သက်(နည်းပညာ)ဆိုဒ်သို့လာရောက်လည်ပတ်ကြသောသူငယ်ချင်းမိတ်ဆွေအပေါင်း ချမ်းသာကိုစိတ်မြဲကြပါစေ ကျွန်တော်ကဆရာကြီးတော့မဟုတ်ပါဘူးခင်ဗျ ကျွန်တော်စုဆောင်းထားတဲ့အထဲမှာမိတ်ဆွေတို့နှင့်အကြိုက်ချင်းတူချင်တူနိုင်ပါတယ်ခင်ဗျ ဆရာများထံမှကူးယူစုဆောင်းခြင်းဖြစ်ပါတယ်ခင်ဗျ
Saturday, March 28, 2015
Download Manager မှ ပျက်ကျသွားသောဖိုင်များကို Resume Downlaod ရအောင်ပြန်လုပ်နည်း
အားလုံးပဲ မင်္ဂလာပါခင်ဗျာ....ကျွန်တော် သည်တခါတော့  ကွန်ပျူတာ သမားတော်တော်များများ Download Resume   အခက်ခဲတွေ့နေကြတဲ့ Download Manager  ဆိုင်ရာနည်းပညာလေးတစ်ခုကို ရေးသားဖေါ်ပြသွားမှာဖြစ်ပါတယ်..ဒီနေ့ PC က IDM မှာ ဆွဲထားတဲ့ဖိုင်တွေResume Download လုပ်လို့မရတော့တဲ့အခါ
ရအောင်လုပ်မည့်နည်းလေးနဲ့ မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်.. ကျွန်တော်တို့ ဆော့ဝဲလ်တွေဖြစ်စေ ဇာတ်လမ်းတွေဖြစ်စေ  ဒေါင်းနေတဲ့အခါမှာ လိုင်းအဆင်မပြေတာကြောင့် ပြတ်ကျသွားတာမျိုး ဖြစ်ပါတယ်.
အဲလိုမျိုးတွေ ဖြစ်လာတဲ့အခါ ဖိုင်တွေကို အစကနေပြန်ဒေါင်းယူမယ်ဆို အချိန်ကုန်မယ်.. ငွေကုန်မယ်
အဲပြဿ     နာတွေကို အဆင်တပြေနဲ့ ဖြေရှင်းနိုင်ဖို့ ကျွန်တော် သည်နည်းလမ်းလေးကို ပြန်လည် ရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါတယ်.......။
Right Click  >>>>>Reflesh download adress  ဆိုတာလေးကိုနှိပ်လိုက်ပါ ။
Broswer ကနေ သွားနေပါလိမ့်မယ်ခဏလေးစောင့်ပါ အဲ့မှာ အရင်မိမိတို့ ဒေါင်းထားတဲ့ နေရာကိုရောက်မှာဖြစ်ပါတယ်..  ရောက်သွားတာနဲ့ မူလဒေါင်းထားတဲ့
ဖိုင်ဆီရောက်သွားရင် Download အသစ်ထပ်ဆွဲပါ IDM နဲ့ ပဲပြန်ဆွဲနော်
0k ဆွဲနေပြီဆိုရင်  pause  ထားပါ Downlaod Manager ဆီပြန်သွား ဆွဲနေတဲ့
အသစ်ပေါ်မှာ  Right Click  >>>>>Properties  ထဲက Address: 
ပြီးရင် အနီနဲ့ ၀ိုင်းပြထားတဲ့ Link တွေအကုန်လုံးကို Copy လုပ်ပါ ။ ok ပြီးရင်
အရင် Resume လုပ်မရတဲ့ဖိုင်ကိုသွား     RightClick>>>>>Properties       ခုနက ပြတဲ့နေရာလိုမျိုးမှာပဲလင့်တွေအားလုံး Paste လုပ်လိုက်ပါ
ပြီးရင် ok ပေးလိုက်ပါ။ ပြီးရင်အဲ့ဖိုင်ကို Resume လုပ်လိုက်ပါ။
ဒါဆိုရင်တော့  မိမိတို့ မူလဒေါင်းထားတဲ့ ဖိုင်တွေမှာ မူလပြတ်ကျထားတဲ့ နေရာအတိုင်း ပြန်ပြိး ဒေါင်းလို့ရပါတယ်...ဒါဆို အစကနေလည်း ဒေါင်းနေဖို့မလိုတော့ဘူးပေါ့. အဆင်ပြေမယ်လိုက မျှော်လင့်ပါတယ်...
ဘလော့ခရီးသည် ( မျှဝေသူ )
www.aungsanmks.com
No comments:
Post a Comment