သက်သက်(နည်းပညာ)ဆိုဒ်သို့လာရောက်လည်ပတ်ကြသောသူငယ်ချင်းမိတ်ဆွေအပေါင်း ချမ်းသာကိုစိတ်မြဲကြပါစေ ကျွန်တော်ကဆရာကြီးတော့မဟုတ်ပါဘူးခင်ဗျ ကျွန်တော်စုဆောင်းထားတဲ့အထဲမှာမိတ်ဆွေတို့နှင့်အကြိုက်ချင်းတူချင်တူနိုင်ပါတယ်ခင်ဗျ ဆရာများထံမှကူးယူစုဆောင်းခြင်းဖြစ်ပါတယ်ခင်ဗျ

Thursday, March 5, 2015

COMPUTER -RESTART ခဏခဏကျကျနေသောပြဿ နာဖြေရှင်းနည်း

မိမိ Computer မှာ Restart ခဏခဏကျနေပါသလား ဖြေရှင်းကြရအောင်ဗျာ.. သည်နည်းလမ်းလေးကို
ကျွန်တော် ကွန်ပျူ တာတလုံးမှာ ဖြစ်ခဲ့ဖူးတုန်းက  စာအုပ်လေးတစ်အုပ် တွေ့ခဲ့ပါတယ် အဲစာအုပ်လေးထဲက လမ်းညွှန်ချက်လေးတွေကို မှတ်သားပြီး သိမ်းထားခဲ့တာပါ... ခုတော့ အများ ဗဟုသုတရရှိစေရန်အလို့ငှါ ပြန်လည် မျှဝေလိုက်ရခြင်းဖြစ်ပါတယ်...

မိမိတို့ရဲ့ Computer တွေမှာ Restart မကြာခဏကျနေတဲ့   Error   မျိုးတွေကြုံတွေ့ရတတ်ပါတယ်။
Restart ကျတယ်ဆိုတာကလည်း  အမျိုး၂ ရှိတတ်ပါတယ်။  Computer ဖွင့်လိုက်တာနဲ့ တက်တက်ချင်းမှာ Windows ဟာ အလိုလိုနဲ့ဘဲ 
မတက်တော့ပဲ အဖန်တလဲလဲ  Restart   ကျကျနေတာမျိုးလည်းရှိသလို ၊ အသုံးပြုနေရင်း လည်း အချိန်ဘယ်လောက် ကြာတာနဲ့  Restart  ကျကျသွားတတ်ပါတယ်။ နောက်     Shut-down လုပ်လိုက်တာကို Shut-down  မကျပဲနဲ့ restart ပဲဖြစ်ဖြစ်သွားတာမျိုးလည်းရှိပါတယ်။ အဲဒီလို Restart ခဏခဏ ကျနေခြင်းဟာအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Restart ခဏခဏကျနေတဲ့ အခါဖြစ်လာရင်တော့ စစ်ဆေးမှု အမျိုးမျိုးပြုလုပ်ရပါလိမ့်မယ်။
( ၁ )  Computer ဖွင့်ဖွင့်ချင်းမှာ Windows မတက်လာတော့ပဲ Restart ချည်းပဲ ခဏခဏကျနေတယ်
ဆိုရင်တော့ ဒါဟာ Windows OS ကအရေးကြီးတဲ့ File တစ်ခုခု lost ဖြစ်သွားရင်ပဲဖြစ်ဖြစ် (သို့)
Windows OS ကတစ်ခုခုဖြစ်တာပဲဖြစ်ဖြစ် ၊ နောက် CPU က Overheat ဖြစ်လို့ပဲဖြစ်ဖြစ် ၊ RAM (
Memory ) မကောင်းလို့ပဲဖြစ်ဖြစ် ဖြစ်တတ်ပါတယ်။

( ၂ )   CPU က Overheatဖြစ်နေရင်လည်းComputer က Restart ခဏခဏကျတတ်ပါတယ်။ CPU တွေက ပုံမှန်အားဖြင့်Temperature 30 လောက်ကနေ နောက်ပိုင်း CPU တွေမှာတော့ Over 60 Degrees (C) လောက်မှာRun ပါတယ်။)
Temperature က unsafe Level မှာ ရောက်သွားတဲ့အချိန် Restart ကျကျသွားတတ်ပါတယ်။
ဒါကြောင့် လစဉ် System Unit ကိုဖွင့်ပြီး CPU အောက်မှာရှိတဲ့ Heat Sink ကို
သန့်ရှင်းပေးသင့်ပါတယ်။ သူ့ကိုသန့်ရှင်းမပေးလို့ရှိရင် သူကနေ ဖုန်တွေစုစည်းထားတဲ့အခါ
လေစီးဆင်းမှု (Airflow) ကို ထိခိုက်နိုင်ပါတယ်။ အဲဒီလို လေစီးဆင်းမှုမကောင်းလို့ Heat sink က
အအေးမပေးနိုင်တဲ့အခါ CPU မှာလာပြီး overheat ဖြစ်တတ်ပါတယ်။ ဒါကြောင့်  CPU ကို Overheat
မဖြစ်အောင် ထိန်းသိမ်းရပါမယ်။
နောက်တစ်ခုအနေနဲ့ မိမိရဲ့ RAM (Memory) ကို အရင်စစ်ဆေးပါ။ Memory က Bad Memory
ဖြစ်နေရင်လည်း Computer က Restart ခဏခဏ ကျတတ်ပါတယ်။ တစ်ခါတစ်ရံမှာ Memory က
ပျက်တာမဟုတ်ဘဲနဲ့ Motherboard မှာရှိတဲ့ RAM Slot က မကောင်းတာလည်း ဖြစ်တတ်ပါတယ်။
ဒါကြောင့် ပထမဦးဆုံး System Unit ကိုဖွင့်ပြီး RAM ကိုဖြုတ် Slot ပြောင်းပြီး တပ်ကြည့်ပါ။
အဲဒါမှမရဘူးဆိုရင်တော့ RAM Slot က မဟုတ်တော့ပါဘူး။
 နောက်ထပ်ကောင်းမွန်တဲ့ RAM တစ်ချောင်းနဲ့လဲပြီး စမ်းကြည့်ပါ။ ပြန်ကောင်းသွားပါလိမ့်မယ်။
ဒါပေမယ့် RAM အသစ်လဲလို့မှ မကောင်းသေးဘူးဆိုရင်တော့ဆက်ပြီးအဖြေရှာရပါဦးမယ်။ ၄င်းနောက်
ဖြစ်တတ်တာက Windows OS ကတစ်ခုခုဖြစ်နေလို့ Restart ခဏခဏကျနေတယ်ဆိုရင်လည်း
နောက်ဆုံး Windows OS ကို Repair လုပ်ရင်လုပ် ၊ ပြန်ပြီး Windows ပြန်တင်ရင်တင်လုပ်ရပါတော့မယ်။
အခုပြထားတဲ့ပုံတွေကတော့ ဖုန်တွေကိုသန့်ရှင်းရေးလုပ်ပေးဖို့အတွက်ဖြစ်ပါတယ်။ ဖုန်ကြောင့်လည်း
Fan တွေ ရပ်ပြီး Heat တက်ရင် ကွန်ပျူတာက Restart ဖြစ်တတ်တာကိုး။
 Computer ကိုအသုံးပြုနေရင်း ဘယ်နှစ်နာရီကြာရင် Restart ဖြစ်ဖြစ်သွားတာတို့ ၊ Shut down
လုပ်တာကို Restart ဖြစ်ဖြစ်သွားတာတို့ဆိုရင်တော့ အထက်ကနည်းတွေကို မလုပ်ခင် Startup and
Recovery မှာရှိတဲ့ Automatically Restart ဆိုတာကို Disable လုပ်ပေးရမှာပါ။
အောက်မှာဖော်ပြထားတဲ့ နည်းလမ်းအတိုင်း လိုက်လံစမ်းသပ်ကြည့်ပါ။
My Computer ကို Right Click နှိပ်ပြီး Properties ကို နှိပ်ပါ။

အိုကေ ပုံမှာပြထားတဲ့အတိုင်း Automatically restart ဆိုတာမှာ အမှန်ခြစ် ဖြုတ်ပေးလိုက်ပါနော် ပြီးတာနဲ့  OK ပေးလိုက်ပါ..အဆင်ပြေပါပြီ။

အဲဒါမှ Problem က ဖြေရှင်းလို့ မရသေးဘူးဆိုရင်
ကွန်ပျူတာတက်လာလာချင်းမှာ   F8 Key  ကိုနှိပ်ထားပါ။ အဲဒီလို နှိပ်လိုက်တဲ့အခါ Advanced Boot
Option ကို တွေ့ရပါလိမ့်မယ်။

 Advanced boot option ထဲကမှ Disable automatically restart on system failure
ဆိုတာကိုရွေးပြီး Enter ခေါက်ပါ။ Windows ကပုံမှန်အတိုင်းပြန် တက်သွားပါလိမ့်မယ်။
ဒါလေးကတော့ ကျွန်တော် ဖြစ်ဖူးတဲ့ ပြသနာလေးကို  လိုက်ရှာဖွေရင်း တွေကရှိပြီး လိုက်လုပ်တာ အဆင်ပြေခဲ့တဲ့ နည်းလမ်းလေးဘဲ ဖြစ်ပါတယ် သည် နည်းလမ်းကို Youth Computer ကနေတင်ထားတာတွေ့ဖူးခဲ့တာပါ.. Youth Computerကိုအထူးကျေးဇူးတင်ရှိပါကြောင်းနဲ့ သည်လိုအခက်ခဲပြဿ     နာရှိသူတွေ အတွက် အဆင်ပြေစေရန်  ကျွန် တော် ပြန်လည် ဝေမျှပေးလိုက်ခြင်းသက်သက်သာဖြစ်ပါတယ်..
အားလုံးအဆင်ပြေကြပါစေနော်...

လယ်တီမြေသား
နည်းပညာမျှဝေသူ

No comments:

Post a Comment