သက်သက်(နည်းပညာ)ဆိုဒ်သို့လာရောက်လည်ပတ်ကြသောသူငယ်ချင်းမိတ်ဆွေအပေါင်း ချမ်းသာကိုစိတ်မြဲကြပါစေ ကျွန်တော်ကဆရာကြီးတော့မဟုတ်ပါဘူးခင်ဗျ ကျွန်တော်စုဆောင်းထားတဲ့အထဲမှာမိတ်ဆွေတို့နှင့်အကြိုက်ချင်းတူချင်တူနိုင်ပါတယ်ခင်ဗျ ဆရာများထံမှကူးယူစုဆောင်းခြင်းဖြစ်ပါတယ်ခင်ဗျ

Saturday, January 16, 2016

♪ Android Device မှာမှားဖျက်မိတဲ့ Notification များကို ပြန်လည်ကြည့်ရှုနည်း ♫

4

သင့်ရဲ့ Android Device မှာတစ်နေ့တာအတွင်း Notifications များစွာကိုရရှိကြမှာပါ။ ဒီလိုအခြေအနေမှာ အရေးကြီးတဲ့ Notifications များကိုမှားဖျက်မိတတ်ကြပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ မှားဖျက်မိတဲ့ Notification များကို ပြန်လည် ကြည့်ရှုနိုင်တဲ့ နည်းလမ်းရှိပါတယ်။ ဒီ Mobile Tips ကဏ္ဍမှာ Android Phone, Tablet များမှာမှားဖျက်မိတဲ့ Notifications များကို ပြန်လည်ရယူနည်း ကိုဖော်ပြပေးလိုက်ပါတယ်။

မှားဖျက်မိတဲ့ Notification များကို ပြန်လည် ကြည့်ရှုနိုင်တဲ့ Notification Log စွမ်းဆောင်ချက်ကို Android 4.3 နဲ့ သူ့အထက် Android Device များမှာသာအသုံးပြုနိုင်တာကိုသတိပြုပါ။ Android 4.2 နဲ့ သူ့အောက်မှာတော့ ဒီစွမ်းဆောင်ချက်ကိုအသုံးပြုလို့မရပါဘူး။ ဒီ Tutorial မှာNexus Device များရှိ Stock Android Lollipop ကိုအသုံးပြုထားပါတယ်။ Samsung, LG , Xiaomi, Huawei နဲ့ အခြားဖုန်းထုတ်လုပ် သူများရဲ့ ဖုန်းများမှာတော့ဒီနည်းအတိုင်းပြုလုပ်နိုင်ပေမယ့် အနည်းငယ် ကွဲပြားနိုင်ပါတယ်။


Android Home Screen မှ လွတ်နေတဲ့ နေရာပေါ်မှာဖိထားပြီး Widgets ကို နှိပ်ပါ။
ဘယ်ဘက်သို့ ပွတ်ဆွဲပြီး Settings Shortcut Widget ကိုရှာပါ။ Widget ကိုဖိထားပြီး နှစ်သက်ရာ Home Screen ပေါ်သို့ ဆွဲချပါ။
1
နောက်အဆင့်မှာSettings Shortcut Menu ပေါ်လာမှာဖြစ်ပြီး Notification Log ကို နှိပ်ပေးပါ။
ဒါဆိုရင် Home Screen မှာ Notification Log Shortcut ပေါ်လာမှာ ဖြစ်ပါတယ်။

Shortcut ကိုတစ်ချက်နှိပ်ရင် Notifications များကို ပြသပေးမှာ ဖြစ်ပါတယ်။ Notification Bar မှာလက်ရှိပေါ်နေတဲ့ Notifications များကိုအဖြူရောင်နဲ့ ပြသပေးထားပြီးအညိုရောင်နဲ့ ပြသထား တာတွေကတော့ ပိတ်လိုက်တဲ့ ဒါမှမဟုတ် သင်မှားဖျက်မိတဲ့ Notifications များဖြစ်ကြပါတယ်။
4

Credit to ==> Myanmar Digital Life Journal

No comments:

Post a Comment